Tuesday, November 2, 2010

A B C အကြောင်းသိကောင်းစရာ

Posted by သက်မီမီထိုက် at 7:12 AM 0 comments
စာဖတ်သူများအားလုံး A B C တက်ကြပါသလား? တက်ကြမှာပေါ့နော် မူကြိုကတည်းက သင်ထားတာလေ။
ခုသက်မီပြောမယ့် A B C ကတော့ မူကြိုကတည်းက စသင်ပေးတဲ့အင်္ဂလိပ်စာ စာလုံးမဟုတ်ပါဘူး။

A= Appearance
B= Behaviour
C= Conduct Skill တို့ပဲဖြစ်ပါတယ်။

လူရယ်လို့ဖြစ်လာပြီဆိုလျှင် ငယ်စဉ်ကနေ စာပေတွေသင်ကြားရတယ်။ တနှစ်တတန်းမှန်မှန်အောင်လို့ ကြိုးစားတဲ့သူက ကြိုးစားသလို အသက်အရွယ်ကြီးပြင်းလာတဲ့အခါ ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီးတွေ အစသဖြင့် ပညာတတ်ကြီးတွေ ဖြစ်ကြတာပေါ့။ စာပေဘက်မှာ ပုံမှန်အနေထားနဲ့ အောင်မြင်တဲ့သူတွေကလည်း အလုပ်အကိုင် စီးပွားရေးနယ်ပယ်မှာ ကိုယ့်ကျွမ်းကျင်ရာ နေရာတွေအသီးသီးမှာ အောင်မြင်နိုင်ကြပါတယ်။

မိမိကိုယ်ကိုမိမိ အားကိုချင်စိတ်မွေးပြီး ကိုယ့်ဒူးပေါ်ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားကြရမှာ တက်သက်စလူငယ်များရဲ့ တာဝန်တရပ်လည်း ဖြစ်ပါတယ်။ မိဘ မောင်နှမ ဆွေမျိုးသားချင်းများရဲ့ အကူအညီကို အခါအခွင့်သင့်လျှင် ယူနိုင်ပါတယ်။ ယူလည်းယူရပါတယ်။ ဒါပေမယ့် အမြဲတမ်းကြီး မျှော်ကိုးမနေသင့်ပါဘူး။ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ အသိကို အမြဲတမ်းသတိရနေဖို့ လိုပါတယ်။ သူများကိုအားကိုးလာလေလေ ကိုယ့်ကိုကိုယ်ယုံကြည်မှု လျှော့လာလေလေပါပဲ။ အမြဲတမ်းကြိုးစားနေပါ။ ဒီတိုင်းအားအားမနေပါနဲ့။ ကြိုးစားနေတဲ့ သူတယောက်ဟာ တချိန်ချိန်မှာ သူကြိုးစားထားတဲ့အရာတွေက သူ့ကိုကောင်းကျိုးပြန်ပေးမှာ အသေအချာပါပဲ။ ကိုယ်လုပ်တဲ့အလုပ်အပေါ် ကိုယ်အာရုံစူးစိုက်ပါ။ စေတနာထားပါ။ ဂုဏ်ယူပါ။ ဒီလိုရည်စူးပြီး အလုပ်လုပ်တဲ့သူတွေဟာ နောင်တချိန်မှာ အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ အမြဲတမ်းသင်ယူလေ့လာနေရပါမယ်။ အဲလိုကိုယ့်ကိုကိုယ် ရပ်တည်နေတဲ့သူဟာ တချိန်မှာ အလုပ်ကို ကိုယ်က ရှာနေစရာမလိုပဲ ၊ အလုပ်နောက်ကို လိုက်နေစရာမလိုပဲ ၊ အလုပ်က ကိုယ့်နောက်ကိုပဲ လိုက်နေပါလိမ့်မယ်( ကိုယ့်ကို အလုပ်လာအပ်တဲ့သူတွေ ကိုယ်နောက်ကိုလိုက်နေပါလိမ့်မယ်)။ အဲလိုဖြစ်ဖို့ ဘ၀မှာအောင်မြင်တဲ့သူ လူအများလေးစားမှု အားကိုးမှုကို ခံ၇ဖို့အတွက် အပေါ်မှာပြောထားတဲ့ ABC ကိုပိုင်နိုငဖို့တော့ လိုပါလိမ့်မယ်။

Appearance ဆိုတဲ့ လူတယောက်ရဲ့ သွင်ပြင်လက္ခာဟာ ကောင်းခြင်းတွေနဲ့ ပြည့်စုံရပါမယ်။ ဒီနေရာမှာ အဖိုးတန်လက်ဝတ်လက်စားတွေ၊ ဈေးကြီးပေးရတဲ့ အကျီတွေကို မဆိုလိုပါဘူး။ ကိုယ်နဲ့သင့်တော်လိုက်ဖက်မယ့် အ၀တ်အထည်လေးကို ၀တ်စားဆင်ယင်ပြီး စိတ်လေးကို ကြည်ကြည်လင်လင်လေးထားကာ အပြုံးဘက်သို့သန်းတဲ့ မျက်နှာထားလေး အမြဲရှိပါစေ။ ဘယ်နိုင်ငံ ဘယ်အလုပ်ကိုပဲ ရောက်ရောက် လူတဦးနဲ့ တဦီးစတင်တွေ့ကြပြီဆိုရင် စိတ်ပါလက်ပါနဲ့ သဘာဝအပြုံးလေးဟာ အကောင်းဆုံးနှုတ်ဆက်တဲ့အရာပါပဲ။ ကိုယ်အလုပ်လုပ်တဲံ အလုပ်စားပွဲ သို့ အလုပ်အခန်းဟာ အမြဲတမ်း သန့်ရှင်း သပ်၇ပ်နေဖို့လိုပါတယ်။ သူ့နေရာနဲ့သူ အစီစဉ်တကျ သေသေသပ်သပ်နဲ့ ပြင်ဆင်ထားရပါမယ်။ ဥပမာ စာအုပ်စာ၇ွတ်စာတမ်းတွေနဲ့ ရှုတ်ပွနေတဲ့ စားပွဲမှာ ထိုင်နေတဲ့ ၀န်ထမ်း နဲ့ စာအုပ်စာ၇ွတ်တွေကို အစီအစဉ်တကျထားသိုပြီး သပ်သပ်ရပ်၇ပ်ရှိတဲ့ စားပွဲမှာထိုင်နေတဲ့ ၀န်ထမ်း ။ အဲလို ၀န်ထမ်း ၂ယောက်ထဲမှာ ဘယ်ဝန်ထမ်းရဲ့စားပွဲကို သင်သွားမလဲ။ အဲလိုပါပဲ။ ဒါကြောင့် ပထမဆုံးအချက်က appearance ကောင်းရပါမယ်။

Behaviour ကတော့ လူတယောက်ရဲ့ အပြုအမူပါပဲ။ ခုခေတ်လို customer service ကိုအလေးထားတဲ့ ခေတ်ထဲမှာ ဒီအချက်က အ၇မ်းကို အဓိက ကျပါတယ်။ To get a new customer is not easy. To loose a customer is quite easy, but to get this customer back is not easy at all. အဲဒီစာသားလေးကို စိတ်ထဲအမြဲစွဲမြဲစွာမှတ်ထားသင့်ပါတယ်။ ကိုယ့်ကြောင့် ကိုယ့်အလုပ်ရဲ့ customer တယောက်လျှော့မသွားအောင် ကြိုးစားရပါမယ်။ ကိုယ့်ရဲ့ စကားပြောတဲ့အသံအနေအထား၊ လမ်းလျှောက်ပုံအနေအထား၊ လူကြီးများရှေ့တွင် ပြောပုံဆိုပုံ၊ စသည့် အပြုအမှု အပြောအဆို အနေအထိုင် အားလုံး ပြင်ဆင်ရပါမယ်။ အလုပ်ထဲရောက်ပီဆိုရင် ကိုယ့်အိမ်မှာနေသလို နေချင်သလိုနေလို့ မရပါဘူး။ လူအများနဲ့ အန်ဝင်ခွင်ကျဖြစ်အောင် ပေါင်းတတ်သင်းတတ် ပြောဆိုတတ်ရပါမယ်။ ငါပညာတတ်ကြီး ငါကတော့ချမ်းသာလို့ ဆိုပြီး မာန်တက်ကာ ဟိုလူဆိုလည်း ငါ့ထက်နိမ့်တယ် ဒီလူကျတော့လည်း င့ါအတွက်အပိုလူပဲ အဲလိုတွေ မတွေးရပါဘူး။ အားလုံးဟာ ညီတူညီမျှ လူသားတွေကြီးပါပဲ။ ကိုယ့်ရဲ့ကိုယ်နှုတ်၂ပါးကိုယဉ်ကျေးအောင် အမြဲပြုပြင်နေထိုင်ရပါမယ်။

Conduct Skill အပေါ်က ၂ချက်နဲ့ပြည့်စုံပြီဆိုရင် ကိုယ့်ရဲ့Skill ကိုထုတ်ဖော်ပြသ လို့ရပါပီ။ အဓိကပြောချင်တာကတော့ ပညာအ၇ည်အချင်း skill ပဲကောင်းနေလို့ မဖြစ်ဘူးဆိုတာပါပဲ။ အပေါ်က အချက်၂ချက်နဲ့ conduct skill နဲ့ပေါင်းတော့မှ အောင်မြင်နိုင့်မယ့် သူတွေ တချိန်မှာ ဖြစ်လာမှာပါ။ ဒါကြောင့် သက်မီတို့ သင်တန်းဆရာကအမြဲပြောတယ် ။ ဘ၀မှာ အောင်မြင်ချင်ရင် ABC တော့ တတ်ဖို့လိုပါတယ်တဲ့။


သက်မီမီထိုက်

Thursday, September 10, 2009

ချုံငုံမိသော အမှတ်တရများ

Posted by သက်မီမီထိုက် at 9:42 PM 0 comments
ပြန်လည်အောက်မေ့သတိ၇မိပါသည်.... မြကျွန်းညိုညိုတက္ကသိုလ်ဆီ

မြကျွန်းညိုညို တက္ကသိုလ်ဆိုလို့ အခုနောက်ပိုင်းတက္ကသိုလ်တက်တဲ့ကျောင်းသား/ ကျောင်းသူတွေကတော့ မြကျွန်းညိုညို တက္ကသိုလ်ဆိုတာကို သိကြတော့မှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အခုတက္ကသိုလ်ကျောင်းတွေက ရန်ကုန်မြို့ထဲနဲ့ တော်တော်ဝေးလွန်းလှတဲ့နေ၇ာတွေမှာပဲ ရှိကြတော့လို့ပါ။ ကျွန်မတို့တောင် စာသင်နှစ်၎ နှစ်ကာလမှာ မြကျွန်းညိုညို(ရန်ကုန်တက္ကသိုလ်)မှာ ၃ နှစ်ပဲ စာသင်ခွင့်၇ပီး နောက်ဆုံးနှစ်မှာ ဒဂုံတက္ကသိုလ်သို့ မေဂျာအလိုက်ပြောင်းေ၇ွှ့ခဲ့၇ပါတယ်။ ကျောင်းကဘယ်နေရာမှာပဲ ဖြစ်ဖြစ်ေ၇ာက်အောင်သွားပီး စာသင်ယူဖို့က ကျောင်းသားတွေရဲ့ တာဝန်မဟုတ်လား။ ဒဂုံတက္ကသိုလ်ကလည်း ရန်ကုန်တက္ကသိုလ်လို အရိပ်အာဝသ မကောင်းပေမယ့် ခေတ်မီအဆောက်အအုံတွေနဲ့ စာသင်ကြားလို့ကောင်းတဲ့ နေ၇ာ၁ ခုပါပဲ(ဝေးတာလေး ၁ ခုတည်းပါ)။

ကျွန်မတို့ သူငယ်ချင်းတစ်စုကတော့ ဘယ်နေရာကိုပဲ ရောက်ရောက် အစအနောက်မပြတ် ပျော်စရာတကယ်ကောင်းတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီပို့လေးကို ရေးရတာကလည်း
ခင်ခဲ့ဘူးတဲ့၊ မောင်နှမအရင်းချာများထက်တောင်ပိုချစ်ခဲ့၊ သံယောဇဉ်ထားခဲ့ကြတဲ့ ကျွန်မရဲ့ သူငယ်ချင်းများကို သတိ၇မိတဲ့အတွက် ရေးရတာဖြစ်ပါတယ်။

ကျွန်မတို့ မေဂျာတွေ သတင်းစာထဲမှာ လျှောက်လွှာခေါ်တော့ တော်တော်စိတ်ဝင်စားဖို့ကောင်းသွားတယ်လေ။ တက်ရမှာက ၇န်ကုန်တက္ကသိုလ်ဆိုတော့ အပြေးလျှောက်လွှာတွေ သွားတင်ကြတာပေါ့( ကျွန်မအပါအ၀င်)။ ရမယ်လို့တော့ မထင်မိဘူး။ ကံကောင်းစွာနဲ့ ဒီမေဂျာကို၇ခဲ့ပါတယ်။ ကျောင်းတက်ရတော့မယ်ဆိုတော့ ပျော်သလိုလို ပီးတော့ကြောက်လည်းကြောက်တယ်။ တက္ကသိုလ်စတက်၇တော့မယ်ဆိုတော့ ရင်တော့ခုန်သား အဟိ..... ဒါနဲ့ပဲ ကျောင်းစတက်ရခြင်းနေ့မှာ ကျွန်မကျောင်းကို အစောကြီးရောက်သွားခဲ့ပါတယ်။ ဖေဖေနဲ့ မေမေကလည်း စာသင်ခန်းထဲထိလိုက်ပို့ပီးမှ ပြန်သွားပါတယ်။ အတန်းထဲမှာ ဘယ်သူမှလည်းမရှိသေး.. ၁ ယောက်တည်း ထိုင်နေတာပေါ့။ အဲဒီမှာ ပထမဆုံးခင်ခဲ့တဲ့သူငယ်ချင်းက မြတ်ပင် (နာမည်ပြောင်) ဖြစ်ပါတယ်။ သူနဲ့သူ့သူငယ်ချင်းများရဲ့ ကျေးဇူးကြောင့် ကျွန်မ တက္ကသိုလ်အနှံနီးပါးကိုေ၇ာက်ဖူးခဲ့ပါတယ် .. ကျွန်မဦးလေး ပြောလေ့ရှိတဲ့စကားထဲကလို Walking power လေးနဲ့ပေါ့.. ထီးဖြူ ဖိနပ်ပါးဆိုတာ ကျွန်မတို့ကိုပြောတာပါ။ အတန်းထဲမှာလည်း လူက တော်တော်စုံလာပါပီ။ ခက်တာက အတန်းထဲမှာ ယောက်ျားလေက အခုထိ ၁ ယောက်ပဲရှိသေးတယ်။ ကျွန်မတို့ မိန်းခလေးတွေကလည်း မေဂျာ Kingေ၇ွှးဖို့ အားခဲထားတာ ခုတော့ဒုတ်ခိဖြစ်ပြီပေါ့ရှင်။ ဘယ်နှယ်လုပ်၇မလဲ ၁ ယောက်ပဲရှိတာကိုးဆိုပီး ငိုချင်မိပါတယ်။ တော်ပါသေးရဲ့ နောက်တော့ ရောက်လာကြပါပီ။ ယောက်ျားလေး အယောက် ၃၀ လောက်ရှိပါတယ်။ မိန်းခလေးကတော့ အယောက် ၅၀ ကျော်ပါတယ်။ အတန်းထဲမှာ လူက တော်တော်စုံပြီဆိုတော့ စာစသင်ပါတော့တယ်။ ပထမနှစ်စာကတော့ ဘာပြောကောင်းမလဲ အားကြီးလွယ်တာပေါ့ရှင်... ဘာတွေသင်မှန်းကို မသိတာ ..ဟီးးးးး ။ အပျော်ဆုံးဘာသာကတော့ သင်္ချာပါပဲ။ Open Book ဖြေ၇တာတဲ့။ ဒီလိုနဲ့ King & Queen လည်းမေ၇ွှးဖြစ်ခဲ့ကြပါဘူး။ All King , All Queen တဲ့။ ကဲမိုက်တယ်နော် .... ကျွန်မလည်း Queen ပဲပေါ့ ... အဟဲ။ ပထမနှစ်ကတည်းက ကျွန်မအိမ်မှာ ကျူရှင်ဝိုင်းလုပ်ပါတယ်။ ကျွန်မအမေရဲ့ လှည့်ကွက်ထဲကို ကျွန်မ၀င်မိသွားတာပါ။ သူများတွေ ကျူရှင်လစ်ပီး လျှောက်သွားကျ၇င် ကျွန်မ အမြဲကျန်ပါတယ်။ ကျုရှင်က အိမ်မှာဆိုတော့ ဘယ်လိုမှ ကျူရှင်ကို လစ်ပီး အိမ်ကမသိအောင် လျှောက်သွားလို့မရခဲ့ပါ။ တော်ပါပေ့ အမေရယ်......

ကျွန်မတို့တွေကျောင်းတက်တာ အချိန်ကြာလာတော့ တူတူသွားတူတူလာနဲ့ အဖွဲ့လို ဖြစ်သွားကြပါတယ်။ အဖွဲ့ထဲမှာ လူကများပါတယ်။ ခင်ဖို့လည်းအရမ်းကောင်းပါတယ်။
မြတ်ပင်
(နာမည်ပြောင်) က တော်တော်ပဲများပါတယ်။ စိတ်လည်းအရမ်းကောက်တတ်ပါတယ်။ ဒါပေမယ့် စိတ်ထားကောင်းတယ်။ သူနဲ့ ကျွန်မနဲ့က အတွဲညီပါတယ်။ စိတ်တူကိုယ်တူတွေပါ။ အခုချိန်ထိလည်း သူနဲ့ပဲ တွဲနေတုန်းပါ။ အကြိုက်မတူတာလေးပဲရှိတာ။ သူကကျွန်မစာတွေမမှီရင် အမြဲစာအုပ်ကို ဆွဲယူပီး ကူးပေးလေ့ရှိပါတယ်။ တကယ်ပြန်တမ်းတမိပါတယ် သူငယ်ချင်းရယ်.....
နဒီ ကတော့ အတန်းထဲက မိန်းခလေး ခေါင်းဆောင်ပေါ့။ နေရာတကာပါပါတယ်။ စပ်စပ်စုစုလည်းအကုန်သိပါတယ်။ သူမသိတာ ခပ်ရှားရှားပါ ပီး၇င်လည်း သူသိတာတွေကို ပြန်မျှဝေ ပြောပြလေ့ရှိပါတယ်။အရမ်းခင်ဖို့ကောင်းပါတယ်။ ရှပ်ပြာရှ့ပ်ပြာနဲ့ မေ့တတ်တဲ့အကျင့်လေးကတော့ မပြောချင်ပါဘူး။ပီးတော့ အ၇မ်းအိပ်ပုတ်ပါတယ်။ သူက ရဲရင့်တယ် ပြတ်သားတယ် သူ့ရဲ့ အဲဒီ စရိုက်လေးနဲ့ ကျွန်မကို ခင်ပီး သူ့ရဲ့ကြင်နာနွေးထွေးတဲ့စကားလေးတွေကို ကျွန်မဒီတသက်မမေ့နိုင်ပါဘူး။အခုတော့ သူက နိုင်ငံခြားမှာ ပညာသင်ရင်း ဘ၀ကို ရုန်းကန်နေပါတယ်။လေးစားပါတယ် သူငယ်ချင်းရယ်.....
မြတ်နိုး အ၇မ်းချစ်ဖို့ကောင်းပီး ရိုးရိုးအေးအေးလေး နေတတ်တဲ့ သူငယ်ချင်းလေးပါ။ အတန်းထဲမှာ သူစာအတော်ဆုံးပဲ။ ဆုတွေလည်းရတယ်။ တော်တော်ကို စာကျက်နိုင်တယ်။ စကားပြော၇င် မြတ်နိုးကလေ မြတ်နိုးကလေ ဆိုပီး ပြောတတ်တဲ့ သူ့အကျင့်လေးကို ကျွန်မအ၇မ်းချစ်ပါတယ်။ သူလည်းအ၇မ်းအိပ်ပုတ်တယ်..ဟဟဟဟ
ဖြူမွန်ခင်
ကအနေအေးတယ်။ ဒါပေမယ့် သူသဘောကျလို့ ရယ်ပီဆိုရင် အသံအကျယ်ကြီးပါ။ သူကအရမ်းချောတော့ သူ့ကိုလာကြိုက်တဲ့သူတွေအများကြီးရှိပါလျှက်နဲ့ သူရည်းစားမထားခဲ့ပါ။ ကျွန်မတို့ ကျောင်းပီးခါနီးမှာ သူ့အိမ်မှာ စတည်းချဖြစ်တာ များပါတယ် သူ့အမေကလည်း သူ့သမီး အပြင်မသွား၇င်ပြီးေ၇ာ အိမ်မှာ ဘယ်လောက်သောင်းကျန်းသောင်းကျန်း လွှတ်ထားပေးပါတယ်။ ကျွန်မတို့ကိုလည်းလိုလေသေးမရှိအောင် ၁ ခုပီး ၁ ခု မုန့်များလုပ်ကျွေး ၀ယ်ကျွေးပါသေးတယ်။ အ၇မ်းပျော်စရာကောင်းပါတယ်ရှင်.......
မေဇင် ကတကယ့်ကလေးလေး အတိုင်းပါပဲ။ ဘာမှလည်းနားမလည် bus car တောင်မစီးတတ်ပါဘူး။ အမြဲတမ်းချွဲတတ်ပီး အ၇မ်းကလေးဆန်ပါတယ်။ ဒါပေမယ့် သူက အဖွဲ့ထဲမှာ အသက်အကြီးဆုံးပါ။ ရှုးတိုးတိုး ..ဒူမှ သိဘူး.... သူက အ၇မ်းနုတယ် အသက်အငယ်ဆုံးလို့ထင်ရပါတယ်။သူကျွမ်းကျင်တာကတော့ ဓာတ်ပုံအရိုက်ခံတာပါပဲ... သူက အရမ်းပဲများတတ်ပါတယ်။ အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။ သူ့အိမ်ကထည့်ပေးလေ့ရှိတဲ့ ဆိတ်သားခြောက်ကြော်ကို ကျွန်မအရမ်းကြိုက်တယ်.....
အောင်ကိုခန့်
ကတကယ့်အပေအတေလို နေတတ်တဲ့သူပါ။ ပထမနှစ်တုန်းက ကွမ်းယာတွေစားပြီး ကွမ်းမူးလို့ ကျွန်မတို့ သူငယ်ချင်းတွေအားလုံး ဘယ်သူမှ မနေရအောင် အလုပ်ရှုတ်သွားခဲ့ပါတယ်။ သူပြန်ကောင်းမှသူ့ကို ကောင်းကောင်းအော်ကြ ကန်ကြတာပါ(စားချင်အုန်းဆိုပီး)။ သူကအရမ်းအစ အနောက်သန်ပါတယ်။ သူ့ကို မျက်ပြူး လို့လည်းနာမည်ပြောင်ပေးထားပါသေးတယ်။နောက်ဆုံးနှစ် project လုပ်တော့ သူနဲ့ ကျွန်မ၁ ဖွဲ့တည်းလုပ်ရတာပါ။ ကျွန်မက Project လုပ်မယ့် ကုန်ကြမ်းပစ္စည်းတွေကို Quality ကောာင်းပီး စိတ်ချ၇အောင် City Mart မှာဝယ်လေ့ရှိပါတယ်။ သူကတော့ ဈေးကြီးလို့ဆိုပြီး အမြဲ ပူညံပူညံလုပ်လေ့ရှိပါတယ်။ အခုချိန်ထိ ကျွန်မတို့ သူငယ်ချင်းတွေပြန်ဆုံကြရင် သူ့ရှေ့မှာ ပိုက်ဆံအိတ်ဘယ်သူမထားရဲကြပါဘူး။ သူ့ရှေ့မှာထားခဲ့မိတဲ့ပိုက်ဆံအိတ်ကတော့ အပြောင်ပဲ။ အဲဒီ ပိုက်ဆံတွေနဲ့မုန့်တွေဝယ်ပီးအားလုံးလိုက်ကျွေးတာပါ( သူကျွေးသလိုလိုနဲ့လေ)။ အရမ်းခင်ဖို့ကောင်းပါတယ်။ ကျွန်မတို့ နှိပ်စက်သမျှကို ခံနိုင်ပါတယ်။
အောင်မြတ်သူ သူကတော့ ကွန်ပြူတာ ကြမ်းပိုးပဲ။ အားလုံး သူသိ သူတတ်။ အကြွားကလည်း အရမ်းထူပါတယ်။ အခုသူ အမေရိကားကို ရောက်သွားတာတောင် အွန်လိုင်းမှာ တွေ့တိုင်းကြွှားတတ်ပါသေးတယ်။ ဒါပေမယ့် သူ့ကိုတော့ မခန့်လေးစားမလုပ်ရဲ၊ သူက ကျွန်မတို့ ကျောင်းသွားကျောင်းပြန် ဒရိုင်ဘာလေးပါ( အမှန်က သူ့ကားကို ကပ်စီးရတာ)ကျွန်မနဲ့ အိမ်ချင်းနီးတယ်။ သူများအားလား မအားလား သူဂရုမစိုက် အိမ်လာပြီး စကားလာပြော၇င် မပြန်နိုင်တော့ပါ၊ ကျွန်မအဖေကတော့ မျက်စောင်း တခဲခဲနဲ့ (ကျွန်မကတော့ ကျောချမ်းနေတာပေါ့)။ ခင်ဖို့အရမ်းကောင်းပါတယ်။ ကျွန်မတို့ ညင်းသမျှကို ခံနိုင်ပြီး သူငယ်ချင်းကောင်း တစ်ယောက်ပါ......
သကြားလုံး (နာမည်ပြောင်) ကနဲနဲ နွဲ့တယ်.. ဟီးးး (သူကြားရင် သတ်မှာ) သူကကျွန်မ ခိုင်းဖတ်ရှုင့်။ ကျွန်မကို အရမ်းခင်တယ်... ကျောင်းသွား၇င် ကားဂိတ်ကနေ အခန်းထဲထိ ကျွန်မရဲ့ ဖိုင်တွေ ထမင်းဘူးလေ သယ်စရာမလိုဘူး.. သူ့ကိုသယ်ခိုင်းတာ.. ဟိဟိ.. အနိုင်ကျင့်လို့၇လို့လေ။အရမ်းခင်ဖို့ကေင်းပါတယ်ရှင်...
အုန်းသီး (နာမည်ပြောင်) ကအရမ်းဝတယ်။ သူက အတန်းထဲမှာနာမည်ကြီး မင်းသားပဲ။ချစ်သူခင်သူပေါတယ်။ လူသိအရမ်းများတယ်။ သူကျောင်းလာ၇င် သူ့စတိုင်နဲ့ သူ့ကားနဲ့က နဲနဲမှ မလိုက်ဖက်ဘူး( သူ့ကားက သေးသေးလေး) ဒါပေမယ့် တခါတလေ သူ့ကားသေးသေးလေးနဲ့ပဲ သွား၇တာ ရှိပါတယ်။ ကျွန်မကျောင်းမှာ လူရှေ့သူရှေ့မှာ ဖိနပ်ပြတ်တော့ သူက သူ့ဖိနပ်ကို ချွတ်ပြီး ကျွန်မကိုပေးဝတ်တာကိုတော့ လုံးဝ မမေ့နိုင်ပါဘူး။ အရမ်းကျေးဇူးတင်ပါတယ် သူငယ်ချင်းရာ.....

ပြောရမယ်ဆို၇င် ကျွန်မသူငယ်ချင်းတွေလည်း အများကြီးကျန်ပါသေးတယ်. မပြီးဆုံးနိုင်လောက်အောင်ကို အမှတ်တ၇တွေအများကြီးပါ။ တစ်ချို့ ခင်ဖို့ကောင်းတဲ့သူတွေရှိသလို၊ အမြင်ကတ်ဖို့ကောင်းတဲ့သူတွေကလည်း အတန်းထဲမှာ အများကြီးပါ။ ဒါပေမယ့် စာမေးပွဲဖြေချိန်ရောက်ရင်တော့ ကျွန်မတို့ အတန်းက သူများအတန်းတွေမနာလိုဖြစ်လောက်အောင်ကို စည်းလုံးညီညာကြပါတယ်(အဖြေတိုက်ကြတာပါ)။ ပထမနှစ်မှာ အယောက် ၉၀ လောက်နဲ့ စပြီး တက်ခဲ့ရပေမယ့် ၁ နှစ်နဲ့ ၁ နှစ် စာမေးပွဲကျပီး ကျန်ခဲ့ရာမှာ နောက်ဆုံးနှစ်ဘွဲ့ယူတော့ ၂၇ ယောက်ပဲ ဘွဲ့ရရှိခဲ့ပါတယ်။ တစ်ချို့ကတော့ ဆက်ဖြေပီး တစ်ချို့ကတော့ အခုထိဘွဲ့မရသေးဘဲ စားဝတ်နေရေးကို လုံးပန်းနေရပါတယ်။ ကျွန်မတို့တွေ ဘွဲ့ကိုယ်စီ ရရှိခဲ့ပြီး ဘ၀ ခရီးလမ်းကို လျှောက်လှမ်းနေကြတဲ့အခါ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်တွေမှာဆို အရင်က သူငယ်ချင်းတွေအကြောင်းကို ပြန်လည်သတိ၇ စဉ်းစားမိ၇င် မောပန်းမှုတွေပြေပျောက်ရပါတယ်။ နေ့စဉ် မတွေ့မနေနိုင် ကျောင်းပိတ်မှာတောင် ကြောက်နေကြတဲ့ အရမ်းခင်ခဲ့၇တဲ့ သူငယ်ချင်းတွေ အခုတော့ လူချင်းတွေ့ဖို့ နေနေသာသာ ဖုန်းတောင်မပြောဖြစ်ကြပါဘူး။ ဒါပေမယ့် အားလုံးရဲ့ရင်ထဲမှာ တချိန်က အပူပင်ကင်းမဲ့စွာ ပျော်ရွင်ခဲ့ရတာတွေကတော့ မပျောက်ပျက်နိုင်တဲ့ အမှတ်တရလေးများပါပဲရှင်။

ကျွန်မရဲ့ သူငယ်ချင်းများ အားလုံး လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ပြီး အရင်တုန်းကလိုပဲ အမြဲပျော်ရွှင်နေနိုင်ကြပါစေ။

 

သက်မီမီထိုက် Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Emocutez